Tuesday, January 31, 2012

မှော်ဘီ ဓါတ်ပုံများ-၁






အထက (၂) မှော်ဘီ ကျောင်း

ရန်ကုန်ကနေ မှော်ဘီမြို့ သို့အလာမှာ မှော်ဘီ မြို့တွင်း မရောက်ခင် ညောင်နှစ်ပင် လမ်းဆုံ အနီးမှာ ရှိတဲ့ ကျောင်းဖြစ်ပါတယ်။ စစ်တပ်များရဲ့ ဧရိယာနဲ့ နီးစပ်တဲ့ အတွက်ကြောင့် စစ်တပ်တွင်းက မိသားစုတွေရဲ့ သားသမီးတွေ အများဆုံး တက်ရောက်ကြတဲ့ ကျောင်းဖြစ်ပါတယ်။




ညောင်နှစ်ပင် လမ်းဆုံ

လမ်းပြမြေပုံ (ရ)ချက်ကို ဆွေးနွေး တိုင်ပင်ခဲ့တဲ့ နေရာ ဖြစ်ပါတယ်။ အဲ့ဒီ အခန်းအနား ကျင်းပခဲ့တုန်းက ညောင်နှစ်ပင်ဘက် ပတ်ဝန်းကျင်တွေ စည်စည်ကားကားနဲ့ အခုအချိန်မှာတော့ သာမန် လူတွေ သွားလာ လှုပ်ရှားနေပါတယ်။



မှော်ဘီ အ၀င် ရန်ကုန်- ပြည်လမ်းမ ရှုခင်း

နာဂစ် မတိုင်ခင်က ကားလမ်းမဘေးက သစ်ပင်ကြီးတွေ ဟိုဘက် ဒီဘက် အပေါ်မှာ ယှက်နွယ်ပြီး သစ်ရွက် သစ်ကိုင်းတွေ မိုးထားတဲ့ လမ်းမကြီးပေါ့ဗျာ။ အခုအခါမှာတော့ ဂျပန်ပိတောက် လို့ခေါ်တဲ့ အပင်တွေ ကျဲကျဲပါးပါး ပဲရှိတော့တယ်။ ဒါပေမယ့် လှနေတုန်းပါပဲဗျာ။